တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်း ဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးမြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သောင်းဒန်ဦးနှင့်အဖွဲ့ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ၊ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ပြည့်ပြည့်ဖြိုးနှင့် အဖွဲ့သည် (၂၃.၅.၂၀၂၅) ရက်နေ့ နေ့လည်(၁)နာရီမှညနေ(၃)နာရီအထိ လှည်းကူးမြို့နယ်ပြည်သူ့ ဆေးရုံကြီး၌ အငြိမ်းစားဝန်ထမ်းများအားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ ကျား(၆)ဦးမ(၁၆)ဦး စုစုပေါင်း(၂၂)ဦးတို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာ ရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



