the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်း‌ ဒေသကြီးမြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်း‌ ဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုမြို့နယ် စီမံအုပ်‌ချုပ်‌ရေးအဖွဲ့၏ ညှိနှိုင်း‌ပေါင်းစပ်မှုဖြင့် ရန်ကုန်တိုင်း‌ ဒေသကြီးမြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သောင်းဒန်ဦးနှင့်အဖွဲ့ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ၊ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ပြည့်ပြည့်ဖြိုးနှင့် အဖွဲ့သည် (၂၃.၅.၂၀၂၅) ရက်နေ့ နေ့လည်(၁)နာရီမှညနေ(၃)နာရီအထိ လှည်းကူးမြို့နယ်ပြည်သူ့‌ ဆေးရုံကြီး၌ အငြိမ်းစားဝန်ထမ်းများအားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ ကျား(၆)ဦးမ(၁၆)ဦး စုစုပေါင်း(၂၂)ဦးတို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာ‌ ရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း