the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်း‌ဒေသကြီး မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ “မြန်မာ့ တိုင်းရင်းဆေးသမားတော်နေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်အသိပညာပေး ဟောပြောခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်း ဆေးပညာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပေါင်းစပ်မှုဖြင့်  မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ (နည်းစနစ်မှူး) ဒေါ်သင်းသင်းစိုးသည် သက်ကြီးရွယ်အိုဘိုးဘွားများအားကျန်းမာ‌ရေးဆိုင်ရာ‌‌ လေ့ကျင့်ခန်းများ ပြုလုပ်ပေး၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့၊ မြို့နယ်တိုင်းရင်းဆေး ကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့သည် “မြန့်မာ့တိုင်းရင်းဆေး သမားတော်နေ့”ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၅-၃-၂၀၂၅) ရက်နေ့တွင် နံနက် (၉:၀၀) နာရီမှ နေ့လည် (၁၂:၀၀) နာရီ အထိ သက်ကြီး ရွယ်အိုဘိုးဘွား (၃၅) ဦး တို့အား “ဆီးချိုရောဂါအကြောင်း” ဟောပြော၍ ကျား (၇) ဦး၊ မ (၆၀) ဦး၊ စုစုပေါင်း (၆၇) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာ‌ရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း