ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာသောင်းဒန်ဦးနှင့် အဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၂.၇.၂၀၂၅)ရက်နေ့၊ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် သက်ကြီးရွယ်အိုဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ ကျား(၃)ဦး၊ မ(၂၇)ဦး၊ စုစုပေါင်း(၃၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။