တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့်၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၃-၁-၂၀၂၅) ရက်နေ့ နေ့လယ် (၁) နာရီမှ ညနေ (၃) နာရီအထိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ပေါင်းစပ်မှုဖြင့်၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့သည် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ရာ ကျား (၁၁) ဦး၊ မ (၁၉) ဦး၊ စုစုပေါင်း (၃၀) ဦး တို့အား တိုင်းရင်းဆေး ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။