တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့်၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပေါင်းစပ်မှုဖြင့်၊ မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့၊ မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့သည် (၂၄-၃-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီမှ ညနေ(၃:၀၀) နာရီအထိ အငြိမ်းစားဝန်ထမ်းများ ကျား (၁၀)ဦး၊ မ (၁၂)ဦး၊ စုစုပေါင်း (၂၂)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။