ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးအဖွဲ့နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့တို့သည် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် (၄.၆.၂၀၂၅)ရက်နေ့၊ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ သက်ကြီး ရွယ်အိုဘိုးဘွား(၂၀)ဦးတို့အား မိုးရာသီ၌ဖြစ်တတ်သောရောဂါများအကြောင်း ပညာပေးဟောပြော၍ ကျား (၈)ဦး၊ မ(၃၃)ဦး၊ စုစုပေါင်း(၄၁)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။