the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၇.၈.၂၀၂၄ ရက်နေ့နံနက် ၉:၃၀ နာရီမှစ၍ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူ(၂၃၄)ဦးအား မြို့နယ်တိုင်းရင်းဆေးမှူးမှ" ပင်လယ်ကူးမီးယပ်"အကြောင်း၊ လက်ထောက် တိုင်းရင်းဆေးမှူးမှ "ရာသီတုပ်ကွေးအကြောင်း" ခေါင်းစဉ်ဖြင့် ပညာပေးဟောပြောခြင်း၊  ကျောင်းသား/ ကျောင်းသူများ(၄၅)ဦးအား  တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျောင်းဆေးခန်းအတွက် တိုင်းရင်းဆေးများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း