ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် သာကေတမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်ရင်းဆေးမှူး ဒေါ်ထက်ထက်ဝေနှင့်အဖွဲ့သည် ၁၂-၁-၂၀၂၄ ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းသားရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျင်းပသည့် လူငယ်ရေးရာ ဟောပြောခြင်း အခမ်းအနားတွင် တိုင်းရင်းဆေးပညာဆိုင်ရာ လေ့လာမှတ်သားစရာများနှင့် ဆောင်းရာသီနှင့် ကျန်းမာရေးခေါင်းစဥ်ဖြင့် ကျောင်းသူ/ကျောင်းသား ၂၀၀ ဦးရေ ကျော်အား အသိပညာမျှဝေပေးခြင်းနှင့် ကျောင်းကျန်းမာရေးကွင်းဆင်းဆေးကုသခြင်းတို့အား အ.ထ.က(၁)သာကေတတွင်ပြုလုပ်ခဲ့ရာ ကျား ၃၁ ဦး မ ၄၈ ဦး စုစုပေါင်း ၇၉ ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

