ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် သာကေတမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်ရင်းဆေးမှူး ဒေါ်ထက်ထက်ဝေနှင့်အဖွဲ့သည် ၁၇.၁၁.၂၀၂၃ ရက်နေ့တွင် (၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုကွင်းဆင်းဆေးကုသခြင်းနှင့် အသိပညာပေး ဟောပြောခြင်းအား အ.လ.က(၅)သာကေတတွင်ပြုလုပ်ခဲ့ရာ ကျား ၂၂ ဦး၊ မ ၂၉ ဦး၊ စုစုပေါင်း၅၁ ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ခြင်းနှင့် နာတာရှည်ဝမ်းချုပ်ခြင်းနှင့်မြန်မာ့တိုင်းရင်းဆေးခေါင်းစဉ်ဖြင့် ကျားမ ၈၅ ဦး အား အသိပညာမျှဝေခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။