တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၁.၈.၂၀၂၅)ရက်နေ့၊ကြာသပတေးနေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးဦးဆောင်သောအဖွဲ့သည် အလက(၁)ကျောင်းအုပ် ဆရာမကြီး ဒေါ်စိန်မမနှင့်ပူးပေါင်း၍ အလက(၁) ဗိုလ်တထောင်ကျောင်း၌ လက်တကမ်းရှိ မီးဖိုချောင်သုံး ပစ္စည်းများ၏ ဆေးဘက်အသုံးဝင်ပုံအကြောင်းကျောင်းသား၊ကျောင်းသူ(၇၀)ဦးအား ကျန်းမာရေး အသိပညာပေး ဟောပြော၍ ကျောင်းသား၂၀ဦး၊ ကျောင်းသူ၃၀ဦး၊ ဆရာမ-၄ဦး စုစုပေါင်း၅၄ဦးအား တိုင်းရင်းဆေး ပညာဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။