ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်ခရိုင် တောင်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၂-၃-၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စောကလျာမျိုးသည် ၁၄/၃ရပ်ကွက်တွင် သွေးတိုး ရောဂါအကြောင်းသိကောင်းစရာများကို ဟောပြောပြီး ကွင်းဆင်းဆေးကုသရာ လူနာဦးရေ ကျား (၁၀)ဦးနှင့် မ(၁၅)ဦအား ကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။