ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာ ဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် (၂၁.၁.၂၀၂၅)ရက်နေ့ နံနက်(၈)နာရီမှ နေ့လည်(၁၁)နာရီအထိ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေး ကုဌာနမှ ဒေါ်မေသန်းမြင့်ထွေး ဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် အလုံမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ကြည့်မြင်တိုင်ဘဏ်ခွဲသို့ သွားရောက်၍ သက်ကြီး ပုဂ္ဂိုလ်များနှင့် ပင်စင်စားမိဘပြည်သူများ အမျိုးသား(၁၈)ဦး အမျိုးသမီး(၂၇)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။