ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပေါင်းစပ်မှုဖြင့် လှည်းကူးမြို့နယ်ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့၊ မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့သည် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့နှင့် ပူးပေါင်း၍ (၃-၇-၂၀၂၄)ရက်နေ့ နံနက် (၁၀)နာရီမှ နေ့လည် (၁)နာရီအထိ သက်ကြီးရွယ်အိုများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ ရာ ကျား(၇)ဦး၊ မ(၃၉)ဦး၊ စုစုပေါင်း(၄၆) ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။