ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ဆေးရုံ အပတ်စဉ် သက်ကြီးရွယ်အိုကျန်းမာရေး ဆေးခန်းသို့ (၁၈-၉-၂၀၂၄)ရက်နေ့တွင် ဘိုးဘွား (၁၃၈)ဦး လာရောက်ပြသခဲ့ကြပြီး မြို့နယ်ဆေးရုံမှ ဆရာဝန်များ၊ သူနာပြုများနှင့် မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး အဖွဲ့တို့ အတူပူးပေါင်းကုသစောင့်ရှောက်မှုပေးခဲ့ပါသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်(၂)တို့ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စေတနာရှင် တဦး ကလည်း ကြက်သားဆန်ပြုတ် အာဟာရ တိုက်ကျွေးဒါနပြုခဲ့ပါကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။