ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ဥက္ကံမြို့(တိုက်ကြီး) မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၉.၁.၂၀၂၄)ရက်နေ့နံနက်(၁၂)နာရီမှ(၁)နာရီထိ မြို့နယ် တိုင်းရင်းဆေးမှူး ဦးစောမင်းထွန်း ဦးဆောင်သောအဖွဲ့သည် ဥက္ကံမြို့ဦးမောင်ရုံး၊ဒေါ်ရင်ဘိုးဘွားရိပ်သာ၌ ရာသီအလိုက် ဖြစ်တတ်သောရောဂါများအကြောင်း ဟောပြောရာ တွင် ဟောပြောပွဲဦးရေမှာ(၂၂)ဦး ရှိပြီး ဆေးကုသမှု့ခံယူသောဦးရေမှာ လူကြီးကျား(၈)ဦး၊ မ(၁၄)ဦး၊ စုစုပေါင်း (၂၂)ဦး အား ဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။