ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးဦးဆောင်သောအဖွဲ့သည် ၈-၁-၂၀၂၄ ရက်နေ့တွင် ရန်ကင်းစံဘုန်းတော်ကြီး သင်ပညာရေးကျောင်း၌ ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ခဲ့ရာ လူကြီးကျား(၃)ဦး ၊လူကြီးမ(၇)ဦး ၊ ကလေးကျား (၄၂)ဦး၊ ကလေး မ(၂၁)ဦး စုစုပေါင်း (၇၃ )ဦးအား ကျန်းမာရေးစောက်ရှောက်မှု့ပေးခဲ့ပြီး ရာသီအလိုက်ဖြစ်တတ်သောရောဂါများအကြောင်းအားလူဦးရေ(၅၃)ဦးကို ကျန်းမာရေးပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။