ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်ကျန်းမာရေးဝန်ကြီးဌာန ၂၆.၁.၂၀၂၄ ရက်နေ့ နေ့လယ် (၁)နာရီမှ(၄)နာရီအထိ ပြည့်သူဆေးရုံကြီးမှ ဒေါက်တာသောင်းဒန်ဦးနှင့်ဝန်ထမ်းများ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ပြည့်ပြည့်ဖြိုးဦးဆောင်သောအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ ကျား(၁၅)ဦး မ(၁၉)ဦး စုစုပေါင်း (၃၄)ဦး အား ဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။