တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့်၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ (၁၁.၂.၂၀၂၅)ရက်နေ့ နံနက် (၆:၀၀)မှ(၈:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ အင်စိန်မြို့နယ် မင်းဓမ္မကုန်းတော် (၂၄)ကြိမ်မြောက် အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင် တိုင်းရင်းဆေးဝါးများကို ဘုရား (၁) ပါး၊ ပင့်သံဃာ (၅၉)ပါး စုစုပေါင်း အပါး (၆၀)အား လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။