ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၆-၅-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဟေမာသန်းထွန်းနှင့်အဖွဲ့သည် အမှတ် (၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျား လူကြီး(၈)ဦး၊ မ လူကြီး(၁၇)ဦး စုစုပေါင်း (၂၅) ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။