ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၂.၈.၂၀၂၅) ရက်နေ့ လယ်(၁)နာရီမှ ညနေ(၃)နာရီအထိ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်ဆရာဝန်ကြီးဒေါ က်တာသောင်းဒန်ဦးနှင့် အဖွဲ့၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ လူနာ စုစုပေါင်း(၂၅)ဦးတို့ အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။