ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၇-၃-၂၀၂၄ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သောအဖွဲ့သည် ကျန်စစ်သားရပ်ကွက်၊ အောင်တော်မူကျောင်းတိုက်ရှိ သံဃာတော်များ၊ ကျောင်းတိုက်ရှိ ဝေယျာဝစ္စကုသိုလ်ဆောင်ရွက်သူများကို တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခဲ့ပြီး ကွင်းဆင်းဆေးကုသပေးခဲ့သော လူနာဦးရေမှာ လူကြီး(ကျား) (၇) ဦး၊ လူကြီး (မ) (၂၁)ဦး၊ စုစုပေါင်း (၂၈) ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။