ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် (၁၂.၁၀.၂၀၂၃၁ ရက် ကြာသာပတေးနေ့ နံနက် ၁၀:၀၀နာရီမှ နေ့လယ် ၁:၃၀နာရီအချိန်ထိ တံတားမြို့၊ပန်းချောင်းကျေးရွာ၌ကေ ကျေးရွာသူ/ကျေးရွာသား လူဦးရေ(၂၆)ဦးအား `ကံ၊စိတ်၊ဥတု၊အာဟာရ´ အကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြော၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်မျာ: ဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပြီး အမျိုးသားလူနာ(၁၂)ဦး၊ အမျိုးသမီးလူနာ(၂၆)ဦးနှင့် ကလေးလူနာ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း လူနာ (၄၂)ဦး တို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။