ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့ တိုင်းရင်းဆေးကုဌာနမှ ၂၀.၆.၂၀၂၅ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ဇီးဖြူပင်ကျေးရွာသို့သွားရောက်၍ ဇီးဖြူပင်ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ လူဦးရေ (၁၃)ဉီးအား "ရာသီတုပ်ကွေးရောဂါ" အကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး လူကြီး(ကျား) ၇ ဦး၊ လူကြီး( မ) ၁၃ ဦး၊ စုစုပေါင်း(၂၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။