the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၈-၃-၂၀၂၄ ရက် တနင်္လာနေ့  နံနက် ၁၀:၀၀နာရီ မှ နေ့လည် ၁:၀၀နာရီအချိန်ထိ တံတားမြို့၊ဇီးဖြူပင်ကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသား လူဦးရေး(၂၀)ဦးအား `သွေးတိုးရာဂါနှင့် တိုင်းရင်းဆေးပညာအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြော၍ တိုင်းရင်းဆေးပညာ ရပ်ဆိုင်ရာ လက်ကမ်းစာစောင်မျာဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ပြီး အမျိုးသားလူနာ(၁၆)ဦး၊ အမျိုးသမီးလူနာ(၂၄)ဦး စုစုပေါင်းလူနာ (၄၀)ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ