ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၂၀-၅-၂၀၂၄ တနင်္လာနေ့ နံနက်(၁၀:၀၀)နာရီမှ နေ့လည်(၁:၀၀)နာရီအချိန်ထိ တံတားမြို့၊ ပန်းချောင်း ကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသား လူဦးရေ(၃၄)ဦးအား `ကံ၊စိတ်၊ဥတု၊အာဟာရ´ အကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြော၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပြီး အမျိုးသားလူနာ(၂၀)ဦး၊ အမျိုးသမီးလူနာ(၂၅)ဦး စုစုပေါင်း လူနာ(၄၅)ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှုပေးခဲ့ ကြောင်းသိရသည်။