ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၉.၉.၂၀၂၄ ကြာတာပတေးနေ့ နံနက် ၁၀:၀၀နာရီမှ နေ့လည် ၁:၀၀နာရီအချိန်ထိ တံတားမြို့ အ.ထ.ကစာသင်ကျောင်း၌ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူမှ ကျောင်းသား/ကျောင်းသူ ဦးရေ(၁၆၀)ဦးအား `တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြော၍ ကျား(၂၀)ဦး နှင့် မ(၅၄)ဦး စုစုပေါင်း (၇၄)ဦး တို့အား တိုင်းရင်းဆေးဝါးများဖြင့်`ကျောင်းကျန်းမာ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။