ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ့ရေးဦးစီးဌာနတို့ပူးပေါင်း၍ `လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ၁၄.၁၁.၂၀၂၃ အင်္ဂါနေ့ နေ့လယ် ၁:၀၀ နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ့ရေးဦးစီးဌာနတို့ပူးပေါင်း၍ `လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို တံတားမြို့အထကကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူမှ ကျောင်းသား/ကျောင်းသူ ဦးရေ(၁၄၀)ဦးအား `ကူးစက်တတ်သောရောဂါများနှင့် မကူးစက်တတ်သောရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြော၍ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ ကျား ၃၁ ဦး မ ၅၅ ဦး စုစုပေါင်း လူနာ (၈၆)ဦး တို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကျောင်းကျန်းမာရေး ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ပါသည်။