ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက် ဦးဆောင်သော အဖွဲ့သည် ၁၈.၁.၂၀၂၄ ရက်နေ့တွင် နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ခရမ်းမြို့ ဘိုးဘွားရိပ်သာသို့သွားရောက်၍ ကွင်းဆင်းဆေးကုသရာတွင် အဘိုး ကျား (၅) ဦး ၊ မ (၁၅ ) ဦး စုစုပေါင်း (၂၀) ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။