ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၈-၂-၂၀၂၄ ရက်နေ့ တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်သည် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ အမက(၂) ကျောင်းသို့သွားရောက်ကာ အာဟာရပြည့်ဝစွာစားသုံးရန်အတွက် အာဟာရအုပ်စုအကြောင်းကို ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောရာ ၅၆ ဦး တက်ရောက်ခဲ့ပြီး ကျောင်းရှိ ဆရာမများနှင့် ကျောင်းသားကျောင်းသူ လူကြီး မ ၃ ဦး၊ ကလေး ကျား ၁၅ ဦး၊ ကလေး မ ၁၇ ဦး၊ စုစုပေါင်း ၃၅ ဦး တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။