ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၂.၈.၂၀၂၅)ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကွမ်းခြံကုန်း မြို့နယ် အ.မ.က. မင်းပိုင်း၌ ကျောင်းသားကျောင်းသူ (၁၃၅)ဦးအား လက်တစ်ကမ်းတွင်ရှိသော မီးဖိုချောင်အတွင်းမှ ဆေးဖက်ဝင်ခရမ်းချဉ်သီးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး စုစုပေါင်း (၁၀၃)ဉီးတို့အားတိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။