ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိုင်သည် (၉-၂-၂၀၂၄) ရက်နေ့တွင် တော်ကူးအနောက်ကျေးရွာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၌ တိုင်းရင်းဆေးတက္ကသိုလ်အကြောင်းနှင့် ကျန်းမာစေကြောင်း နည်းလမ်းကောင်းများ ဟောပြောခဲ့ရာ ဆရာ၊ ဆရာမနှင့် ကျောင်းသားကျောင်းသူ (၁၅၀)ဦး တက်ရောက်ကြပြီး ၄င်းတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်တိုင်းရင်းဆေးမှူးမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး၊ လူနာ ကျား(၁၀)ဦး မ(၁၂)ဦး စုစုပေါင်း (၂၂ )ဦးတို့ အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။