ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၄-၄-၂၀၂၄ တနဂ်နွေနေ့ ညနေ ၅း၀၀ နာရီ မှ ၇း၃၀ နာရီ အချိန်အထိ လ/ထတိုင်းဆေးမှူး ဒေါ်အေးမြတ်စိုးနှင့် ဆေးခန်းအကူ ဒေါ်နန့်ရွှေဌေး တို့သည် ကွမ်းခြံကုန်းမြို့နယ် စလင်းတောင်ငူတောရကျောင်းတိုက်သို့သွားရောက်၍ တရားစခန်းဝင်နေကြသော သံဃာတော် သီလရှင်နှင့် လူယောဂီ (၃၅) ပါးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။