ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၅-၅-၂၀၂၄ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင်သည် သီလဝါကျေးရွာသီလဝါဓမ္မာရုံသို့ တိုင်းရင်းဆေးဝါးများဖြင့် ကွင်းဆင်းဆေးကုသမှုပြုလုပ်ခဲ့ပြီးတိုင်းရင်းဆေးပညာဖြင့် ဒူးနာ/ခါးနာ/ဇက်နာ/လေငန်းရောဂါတို့အား ကုသပေး ခဲ့ရာ လူနာကျား(၁၂)ဦး မ(၁၈)ဦး စုစုပေါင်း(၃၀)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။