the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၈-၃-၂၀၂၄ ရက် နေ့လယ် ၁း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအချိန်အထိ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင်သည် အလယ်ပိုင်း ရပ်ကွက်မင်းကျောင်းပရိယတိစာသင်တိုက်သံဃာတော်အပါး(၃၀)ပါးအား နွေရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများနှင့်ဆောင်ရင်ရှောင်ရန်များကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး ဆေးကုသရာတွင် သံဃာတော်အပါး(၂၆) ပါး တို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း