ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြိုနယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးဦးဆောင်သောအဖွဲ့သည် ၁၂.၁.၂၀၂၄ ရက်နေ့တွင် ညောင်ဝိုင်းကျေးရွာမြသီတာစာသင်တိုက်သို့သွားရောက်ဆေးကုသရာတွင် သီလရှင်အပါး (၃၄)ပါး နှင့် ယောဂီ(၆)ဦး၊ စုစုပေါင်း(၄၀)ဦးတို့အားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။