တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် (၂၃.၆.၂၀၂၅) ရက်နေ့တွင် အနောက်ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေးနှင့် အလုံမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေးတို့ ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည်မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင် များနှင့်ပူးပေါင်း၍ အလုံမြို့နယ်၊မြန်မာ့စီးပွားရေး ဘဏ်၊ကြည့်မြင်တိုင် ဘဏ်ခွဲသို့သွားရောက်၍ ပင်စင်စား မိဘပြည်သူများအားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ လူနာက်ား(၂၈)ဦး၊မ(၂၂)ဦး၊ စုစုပေါင်း(၅၀)ဦးအား ကွင်းဆင်းဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

