ရန်ကုန်တိုင်းဒေသကြီး ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ (၇.၆.၂၀၂၄) ရက်နေ့ (သောကြာနေ့)တွင် ဒုတိယဆေးရုံအုပ် ဒေါ်ယဥ်ယဥ်မြင့် ဦးဆောင်ပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိင်္ဂီကျော် အလုပ်သင်ဆရာ ဦးအောင်မျိုးအေး၊ အကြီးတန်း လက်နှိပ်စက် ဒေါ်နီနီအောင်တို့ ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ နံနက် (၉)နာရီမှ နေ့လယ် (၃ )နာရီအထိကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ရာ လူနာကျား (၄၈)ဦး မ (၃၃)ဦး စုစုပေါင်း (၈၁)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။