ရန်ကုန်တိုင်းဒေသကြီး ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ (၈-၉-၂၀၂၄)ရက် တနင်္ဂနွေနေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်ယဥ်ယဥ်မြင့် ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်ခင်မြတ်ကျော်၊ အလုပ်သင်ဆရာမ ဒေါ်မို့မို့အောင်နှင့် အကြီးတန်းလက်နှိပ်စက် ဒေါ်နီနီအောင်တို့ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သံလွင်လမ်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ရာ လူနာဦးရေ (၇၅)ဦးတို့အား အခမဲ့ကွင်းဆင်းဆေး ကုသမှု ဆောင်ရွက်ပေးခဲ့ပြီး မီးယပ်ရောဂါအကြောင်းသိကောင်းစရာနှင့် ရှားစောင်းလတ်ပတ်ပင် ဆေးအသုံးပြုပုံ ခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲတက်ရောက်သူဦးရေ (၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။