ရန်ကုန်တိုင်းဒေသကြီး ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ (၅.၉.၂၀၂၄)ရက် ကြာသပတေးနေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်ယဥ်ယဥ်မြင့် ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်သိင်္ဂီကျော်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းသန်းနှင့် အကြီးတန်းလက်နှိပ်စက် ဒေါ်နီနီအောင်တို့ပါဝင်သောအဖွဲ့ သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ သုံးထပ်ကျောင်းတိုက်ဘုန်းတော်ကြီးပညာသင်ကျောင်း၌ နေ့လယ်(၁၂)နာရီမှ ညနေ(၄)နာရီအထိကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ရာ လူနာဦးရေ (၈၂)ဦးတို့အား အခမဲ့ ကွင်းဆင်း ဆေးကုသမှု့ဆောင်ရွက်ပေးခဲ့ပြီး တစ်ကိုယ်ရေးသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ဝဲ၊ ယားနာ ဖြစ်ပွားရသည့် အကြောင်းခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲ တက်ရောက်သူ ဦးရေ (၁၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။