the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ (၁.၉.၂၀၂၄)ရက် တနင်္ဂနွေနေ့တွင် အကြီးတန်း တိုင်းရင်းဆေးမှူး ဒေါ်ရီရီလှ    ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်သိင်္ဂီကျော်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နှင်းအိအိဖြူ၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်သန္တာဦး၊ အလုပ်သင်ဆရာ ဦးလှိုင်မင်းဦးနှင့် အလုပ်သင် ဆရာမ ဒေါ်နေခြည်ပိုင်ထွန်းတို့ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အုတ်ဖို ကျေးရွာ အုပ်စု၊ ဘိုရှည်ကုန်းကျေးရွာ၊ ခေမာသိဒ္ဓိမင်းကျောင်း ပရိယတ္တိစာသင်တိုက်၌ နံနက်(၉)နာရီမှ နေ့လယ် (၁၂)နာရီအထိ ကွင်းဆင်းဆေးကုသမှု   ဆောင်ရွက်ပေးခဲ့ရာ လူနာဦးရေ (၇၅)ဦးတို့အား အခမဲ့ကွင်းဆင်း ဆေးကုသမှု့ ဆောင်ရွက်ပေးခဲ့ပြီး မိုးရာသီတွင်ဖြစ်တတ်သောရောဂါများနှင့် ဆောင်ရန်၊ရှောင်ရန်များ ခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲတက်ရောက်သူ စုစုပေါင်း ဦးရေ (၉၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း