the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ (၁၉-၁-၂၀၂၄) ရက်နေ့တွင် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းအေး  ဦးဆောင်၍ အကြီးတန်း တိုင်းရင်းဆေးမှူး ဒေါ်ရီရီလှ၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ယဥ်မွန်ချို၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အေးအေးအောင်၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်းနှင့်  (၁/၂၀၂၄)၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အလုပ်သင် ဆရာ/ဆရာမ(၉)ဦးတို့ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အောင်မြေသုခဘုန်းတော်ကြီးပညာသင်ကျောင်း၌ နေ့လယ်(၁၂)နာရီမှ ညနေ (၄)နာရီအထိ၊ အလုပ်သင်ဆရာ/ ဆရာမများအား လူနာလက်တွေ့ချဥ်းကပ်နည်းသင်ကြားပေးရာတွင် လူနာကျား (၃၁)ဦး၊ မ(၅၈)ဦး၊ စုစုပေါင်း (၈၉)ဦး တို့အား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ပြီး (ကံစိတ်ဥတုအာဟာရမျှတမှ လူတိုင်း ကျန်းမာကြ) အကြောင်းအရာခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပြီး ဟောပြောပွဲတက်ရောက်သူ ဦးရေ (၆၀) တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း