the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ (၂၅.၃.၂၀၂၄) ရက်နေ့ (တနလ်ာနေ့)တွင် အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်ရီရီလှ ဦးဆောင်ပြီး တိုင်းရင်းဆေးမှူးဒေါ်အိအိကျော် ဒုတိယတိုင်ရင်းဆေးမှူး ဒေါ်မိတင်တင်ဦး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မိခင်ယမင်းဟန်၊ အလုပ်သင်ဆရာမ (၂)ဦးတို့ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၌ ကွင်းဆင်းဆေးကုသမှု   ဆောင်ရွက်ပေးခဲ့ရာ လူနာကျား (၈၂)ဦး မ (၂)ဦး စုစုပေါင်း (၈၄)ဦးတို့အား အခမဲ့ကွင်းဆင်း ဆေးကုသမှု့ ဆောင်ရွက်ပေးခဲ့ပြီး၊ (နွေရာသီ၌ဖြစ်တတ်သောရောဂါများ) အကြောင်းအရာခေါင်းစဥ်ဖြင့် ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့၍၊ ဟောပြောပွဲတက်ရောက်သူဦးရေ(၁၂၉)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း