ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ (၈-၁-၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းအေး ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်ခင်မြတ်ကျော်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မိတင်တင်ဦး၊ အလုပ်သင် ဆရာမ မအေးထက်ခိုင်နှင့် မနန့်အိုင်ပွါးဟှီ၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်းတို့ပါဝင်သော ကွင်းဆင်း ဆေးကုသရေးအဖွဲ့ သည်၊ ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်၊ ဧရာဝဏ်ဘုန်းတော်ကြီးကျောင်း၌ နံနက် (၈)နာရီမှ နေ့လယ် (၂)နာရီအထိ၊ ကွင်းဆင်းဆေးကုသမှုပြုလုပ်ခဲ့ရာ လူနာကျား (၂၃)ဦး၊ မ(၇၃)ဦး၊စုစုပေါင်း (၉၆)ဦးတို့အား ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



