ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းအေး ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်ခင်မြတ်ကျော် ၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မိတင်တင်ဦး၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း တို့ပါဝင်သောကွင်းဆင်းဆေးကုသရေးအဖွဲ့သည် (၄.၁၁.၂၀၂၃) ရက် (စနေနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း၌ နံနက် (၉)နာရီမှ ညနေ(၃)နာရီအထိ၊ ဥတုအလိုက် နေထိုင်လိုက်မှ ကျန်းမာသုခပြည့်စုံရ အကြောင်းအရာ ခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး၊ ဟောပြောပွဲတက်ရောက်သူဦးရေ(၉၂)တက်ရောက်ခဲ့ကာ လူနာစုစုပေါင်း မ(၇၅)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



