တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှူဖြင့် မြန်မာ့တိုင်းရင်းဆေးသမားတော် များနေ့ (တပေါင်းလပြည့်နေ့)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၅-၃-၂၀၂၅) ရက်နေ့တွင် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ မီးယပ်ဖြူဆင်းခြင်းနှင့် တိုင်းရင်းဆေးပညာခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်အား အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန community center ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။