ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှု ဖြင့် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေးနှင့် အဖွဲ့သည် (၃.၉.၂၀၂၄)ရက်နေ့ နံနက်(၁၀)နာရီမှစ၍ အလုံမြို့နယ်အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူ (၅၀)ဦးအား "တကိုယ်ရေသန့်ရှင်းရောဂါကင်း" ခေါင်းစဉ်ဖြင့် ပညာပေးဟောပြောခြင်း၊ ဆရာ၊ဆရာမနှင့်ကျောင်းသား/ကျောင်းသူ(၂၃)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။