ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၆-၈-၂၀၂၄) ရက်နေ့ နံနက် (၁၀:၃၀) နာရီမှစ၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေးသည် အမှတ်(၉) အခြေခံ ပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူ (၃၅) ဦး အား “တကိုယ်ရေသန့်ရှင်းရောဂါကင်း” ခေါင်းစဉ်ဖြင့် ပညာပေးဟောပြောခဲ့ပြီး၊ ကျောင်းသား/ ကျောင်းသူ (၁၈) ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။