ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် သာကေတမြို့နယ် တိုင်းရင်းဆေးကုဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၁၂.၈.၂၀၂၅ရက်နေ့တွင် အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း၊ သာကေတမြို့နယ်ရှိ ကျောင်းခန်းမဆောင်၌ အသိပညာပေး ဟောပြောပွဲ ကျင်းပရာ သာကေတမြို့နယ်တိုင်းရင်းဆေးကုဌာန လက်ထောက်တိုင်းရင်းဆေးမှူးဦးရဲရင့်ဘုန်းအိမ် က ကျောင်းသားကျောင်းသူ ၈၉ ဦး အား "တိုင်းရင်းေဆးပညာအကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ စုစုပေါင်း (၅၄)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။