ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တို့ပူးပေါင်း၍ (၁၀-၇-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူးဆရာမ ဒေါ်ထက်ထက်ဝေနှင့် ဦးစီးဌာနမှူး (တွဲဖက်) ဒေါ်တင်တင်စိန် တို့မှ “ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် မြန်မာ့တိုင်းရင်းဆေးပညာ”ခေါင်းစဉ်ဖြင့် ကျန်းမာရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။