ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် တိုင်းရင်းဆေးကုဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၁၈.၆.၂၀၂၅ရက်နေ့တွင် သာကေတမြို့နယ်၊ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းခန်းမဆောင်၌ လူငယ်ရေးရာဟောပြောပွဲအစီအစဉ် ကျင်းပရာ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ထက်ထက်ဝေက ကျောင်းသားကျောင်းသူ (၁၉၈)ဦးအား “တိုင်းရင်းဆေးပညာ အကြောင်းရေသိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ စုစုပေါင်း(၆၈)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး မိုးရာသီတွင်အဖြစ်များသောရောဂါတို့အတွက် အသုံးပြုနိုင်ရန် ကျောင်းအုပ်ဆရာမကြီးထံသို့ တိုင်းရင်းဆေးဝါး များ ပေးအပ်လှူဒါန်းခဲ့ပါသည်။